MyoLay Tachileik

ကွန်ပျူတာကျောင်း အမှတ်တရ(ကျိုင်းတုံ)

1
ဒီပုံလေးတွေက 2007 ခုနှစ် ကျွန်တော် ကွန်ပျူတာကျောင်းတက်တုံးက ပုံလေးတွေပါဗျာ...... ကျောင်းတက်တုံကဆိုလို့တော့အထင်မကြီးလိုက်နဲ့နော် ကျောင်းကိုပြီးအောင်မတက်ခဲ့ရပါဘူး ပထမ နှစ်နဲ့တင်ထွက်ခဲ့တာပါ .... အခက်အခဲလေးတွေကြောင့်ပေါ့ဗျာ .... ကျောင်းမပြီးတဲ့အတွက် စိတ်ထဲမှာ ၀မ်းတော့နည်းမိတယ်ဗျာ ......
ကျွန်တော်တို့ကျောင်းက ကျိုင်းတုံမြို့ ကနေ မိုင်းလာကိုသွားတဲ့ လမ်းနားမှာရှိပါတယ် .... မြို့နဲ့ကတော့အဝေးကြီးပဲဗျာ ...... သွားရလာရတာခက်ခဲပါတယ်ဗျ ......

ဒီနေရာလေးကတော့ ကျွန်တော်နေခဲ့တဲ့အဆောင်လေးရဲ့ရှေ့မှ ကျွန်တော်နှင့် သူငယ်ချင်းနှစ်ယောက်ပါ...
အလယ်ကတော့ ကျွန်တော်ပါ(အပေါလေးပေါ့)၊ ဘယ်ဘက်ကတော့ ရန်နိုင်ပါ၊ ညာဘက်ကတော့ နိုင်နိုင်ကို ပါ




ဒီပုံရိုက်တဲ့အချိန်ဒီကောင်တွေမတရားဘူးဗျာ ကျွန်တော့်ကိုတောင်မခေါ်ဘူး(ဟားဟား)
ညာဘက်ကတော့ ဟိန်းဇော်ဝင်း(ခ)ကုလား(စုတ်)၊ ဘယ်ဘက်ကတော့ ဝေရန်ကျော်စွာဟိန်ပါဗျာ နာမည်ကတော့အမိုက်စားပဲနော် .....ဟိဟိ

ဒီပုံလေးကတော့ မိုက်တယ်နော် .... အနောက်က ကျားများလာတာလားလို့ လှည့်ကြည့်နေတာတဲ့ဗျာ.....
အောင်မိုးမင်း၊ ရန်နိုင်၊ ချေမတဲ့(နားမည်ရင်းကတော့မေ့သွားလို့)၊ ဒါကတော့မင်းသားဗျာ ... ဟိဟိ ဒီဘက်ကတော့ ကျွန်တော်တို့ရဲ့ ကျောင်းကားဆရာပါဗျာ... အောက်ကထိုင်နေတာကတော့ အူကြောင်ကြောင် ကုလား(စုတ်)ပါဗျာ..... ဟိဟိ


ဒါကတော့ မင်းသားလေးပါဗျာ ..... ဟိဟိ ... ဘာရယ်တော့မဟုတ်ဘူး ဂီတာကိုင်ပြီးရိုက်ကြည့်တာ လူရှိန်အောင်လို့....ဟားဟား ...........ကျွန်တော် (မျိုးလေး)ပါဗျာ

1 comment: Leave Your Comments

  1. ပြန်မရနိုင်တော့ တစ်ချိန်ကပုံလေးတွေပေါ့

    ReplyDelete